ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၃၁၄၇၃ ဧကလျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧက ၃၁၄၇၃ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းအပြီး မြေအစိုဓာတ်ရှိနေချိန်တွင် ဆောင်းသီးနှံများကို အချိန်မီစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြုတီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး ရှာဖွေဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ခန်းမ၌ ယမန်နေ့နေ့လယ် (၃)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မိုးညိုမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊မိုင်းဆတ်မြို့၌ (၁/၂၀၂၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၁/၂၀၂၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်မီးသတ်စခန်းတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းအား သင်တန်းသား(၅၀)ဦးဖြင့် သင်တန်းကာလ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း (၄/၂၀၂၄) ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းတိုင်းသတင်းရေးသားနည်းပညာများကို စနစ်တကျတတ်မြောက်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း(၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့ လွယ်ခမ်းလုံကျေးရွာ၌ ခေတ်သစ်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံ‌ကျေးရွာအုပ်စု၊ လွယ်ခမ်းလုံကျေးရွာ၌ ခေတ်သစ်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာကြည့်တိုက်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာဆန်းထွန်း ရေးသားသည့် ကိုယ့်ရင်ထဲကရှုမျှော်ခင်း စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများရိုးရာစုပေါင်း “ခါးထောင်းဖား” ပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ ရိုးရာစုပေါင်း “ခါးထောင်းဖား”ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီက ဝမ်ကောင်းရပ်ကွက်ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ကျင်းပပြုလုပ်သည်။
Subscribe to