ကြံခင်းမြို့အတွင်း မဲစာရင်းများမှန်ကန်ပြည့်စုံစေရေး တာဝန်ရှိသူများပူးပေါင်း၍ Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏အမည်စာရင်းများ မှန်ကန်ပြည်စုံမှု ရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်(Door to Door) ကွင်းဆင်းစစ်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

‎ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ခဲ့သည်။

နောင်မွန်းမြို့တွင် မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အလိုက် နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများ မကျန်ရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်း ပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများကတက် ရောက်ခဲ့ကြသည်။

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် အိမ်မဲမြို့၌ ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေး                    

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းများအပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်းမြို့၌ မြို့နယ်လုံးကျွတ်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများကြည့်ရှုကြရန်‌ အသိပညာ‌ပေးနှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် နမ်ပန်ဒမ်း၊ ထန်ထု၊ ကွမ်လင်း၊ ရပ်ဘော့စသည့်မြေပြန့်‌ ကျေးရွာများတွင် လော်စပီကာများဖြင့်လှည့်လည် အသိပညာပေး တိုက်တွန်းနိုးဆော်ပေးလျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးအသိပညာပေးနှိုးဆော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကိုမီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

တိုက်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဂဝံခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာမှုအဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆိတ်သာကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ဂဝံခြင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပေါင်းတည်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club ပူးပေါင်း၍ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက  မှတ်တိုင်လမ်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား ကျောင်းသူများအား အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club(စာပေချစ်သူများအသင်း) တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to