တွံတေး၌ နို့စားနွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွင်းဆင်းစည်းရုံးဟောပြောပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် နို့စားနွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများအောင်မြင်စေရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ကွင်းဆင်းစည်းရုံး ဟောပြောခဲ့ကြောင်း သိရှိရသည်။