ကရင်ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်းညှိနှိုင်း 

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၆/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

သာစည်မြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး မဲစာရင်းများကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို  ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နံနက်က မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ ညောင်ရမ်းမြို့မနှင့် ညောင်ရမ်းဈေးကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သည်။

ဒဂုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက အလုံလမ်းရှိ My Garden စားသောက်ဆိုင်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းဗိုလ်ကဦးဆောင်၍ အခွန်ဆိုင်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ခန္တီးမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လာမည့်ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အိမ်မဲမြို့၌ ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ်ကပ်ထား ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ ကြီးကြပ်မှုဖြင့်တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ငပုတောမြို့နယ်အတွင်း (Door to Door) မြေပြင်စာရင်းတိုက်ဆိုင်ကွင်းစစ်‌ဆေးမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်အတွင်းရှိ ကတ္တရာဝကျေးရွာအုပ်စုနှင့် အုပ်ရှစ်ကွင်းကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to