ကြံခင်းမြို့အတွင်း မဲစာရင်းများမှန်ကန်ပြည့်စုံစေရေး တာဝန်ရှိသူများပူးပေါင်း၍ Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ကြံခင်း ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏အမည်စာရင်းများ မှန်ကန်ပြည်စုံမှု ရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်(Door to Door) ကွင်းဆင်းစစ်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာများရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကြံခင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း