နောင်မွန်း ဒီဇင်ဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများ မကျန်ရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လဝကဝန်ထမ်းများ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ ပါဝင်သည့်အဖွဲ့(၁၉)ဖွဲ့ဖြင့် နယ်မြေကွင်းဆင်း၍ တစ်အိမ်တက်ဆင်း သွားရောက်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပါ/မပါ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများ ကျန်/မကျန် တိုက်ဆိုင်စီစစ်၍ မဲစာရင်းတွင် မပါရှိသူများ ပါရှိနိုင်ရေးနှင့် မပါသင့်သူများပယ်ဖျက်နိုင်ရေး၊ အိမ်ထောင်စုများမှ အမည်စာရင်းနှင့် မှတ်ပုံတင်အမှတ်များ မှန်ကန်မှုရှိ/မရှိကို သက်ဆိုင်ရာ မဲဆန္ဒရှင်အမည်စာရင်းနှင့် အိမ်ထောင်စုများနှင့်အတူ တိုင်ဆိုင်စစ်ဆေးဆောင်ရွက်မှုများကို ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)