သံဖြူဇရပ် ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စာရေးဆရာအသင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူ များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကျင်းပရာရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နန္ဒာမောင် (သံဖြူဇရပ်) က အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ မင်းချစ်ကွန်း (ဦးမော်နီ) က စာဆိုတော်နေ့အကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မင်းကျော်ဝင်း (ကမာဝက်) က ကဗျာစွမ်းအားခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)