အိမ်မဲ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းများအပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်က ကပ်ထားကြေညာခဲ့ပြီး အဆိုပါစာရင်းကိုအခြေခံ၍ စာရင်းကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့်မဲစာရင်းတွင်မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို ပြည့်စုံမှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့များဖွဲ့စည်း၍ အထက်ပိုင်းရပ်ကွက်တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်နေမှုများအား ဆောင်ရွက်လျက်ရှိရာ တိုင်းရင်သားရေးရာဝန်ကြီး ဦးစောလင်းခယ်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းဆောင်ရွက်မှုအား အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၇) အုပ်စုတို့၌ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်