နောင်မွန်းမြို့၌ မြို့နယ်လုံးကျွတ်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများကြည့်ရှုကြရန်‌ အသိပညာ‌ပေးနှိုးဆော်

နောင်မွန်း      ဒီဇင်ဘာ    ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင်အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် နမ်ပန်ဒမ်း၊ ထန်ထု၊ ကွမ်လင်း၊ ရပ်ဘော့စသည့်မြေပြန့်‌ ကျေးရွာများတွင် လော်စပီကာများဖြင့်လှည့်လည် အသိပညာပေးတိုက်တွန်းနိုးဆော်ပေးလျက်ရှိသည်။

နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ကပ်ထားကြေညာထားလျက်ရှိရာ မြို့နယ်ရွေး ကောက်ပွဲ‌ကော် မရှင်အဖွဲ့ခွဲက  မဲဆန္ဒရှင်ပြည်သူများကြည်ရှုနိုင်ရေးနှင့် ကျယ်ကျယ်ပြန့်ပြန် သိရှိရေး လက်ကိုင်စပီကားများနှင့်လော်စပီကာများဖြင့်လှည့်လည်၍ အသိပညာပေးခြင်းကို နိုဝင်ဘာလ ၂၂ရက်မှ စတင်ပြီးဆောင်ရွက်လျက်ပြီး မြို့နယ်အတွင်း မဲရုံ(၂၁)ရုံထားရှိပြီး လက်ရှိတွင် မဲဆန္ဒရှင်ဦးရေး(၅၀၆၀)ဦးတို့အတွက် မြို့နယ်လုံးကျွတ်လုံခြုံစိတ်ချစွာ မိမိတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးနိုင်ရေးသက်ရာဆိုင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)