တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူးကျင်းပ၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ မူးယစ်ဆေးဝါဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉း၃၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြတ်မွန်ရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

သန်လျင်၌ မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ယနေ့နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ မျက်စိအထူးကုဆရာဝန်ကြီးများက အမြင်အာရုံနည်းသူများကို စမ်းသပ်ကုသပေးခြင်း ဆောင်ရွက်ပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ဆေးလိပ်အစားထိုး အီး-စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အများပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး - စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိနှင့် အသိပညာ‌ပေးခြင်းများ စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အတွင်းမှ အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်၌ မြို့နယ်တွင်းရှိ အင်းချောင်းများအတွင်း၊ ငါးမျိုးစိုက်ထည့်နိုင်နိုင်ရန် ငါးသားပေါက်များ‌အား အင်းသားကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် ငါန်းဇွန် ဒီဇင်ဘာ ၁၆ သက်နောင်ဦး(ငါန်းဇွန်)

သာယာဝတီမြို့နယ်တွင် တောင်ယာငရုပ်သီးများဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများပြားလာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုပ်သီးများ ရောင်းချရာတွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ မဟာဒုတ်ဆွမ်းသပိတ်လောင်းလှူပွဲနှင့် စာတော်ပြန်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝောာင်ပိုင်း၊ သာယာကျောင်းတိုက်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က  မဟာဒုတ် ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးအတွက် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
Subscribe to