ပေါင်းတည်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club ပူးပေါင်း၍ အသိပညာပေးဟောပြော

ပေါင်းတည် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက  မှတ်တိုင်လမ်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား ကျောင်းသူများအား အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club(စာပေချစ်သူများအသင်း) တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့် Book Club အဖွဲ့ဝင်များက စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မြန်မာစာပေအကြောင်းများနှင့် ကျားဖြန့်အကြောင်းများ၊ လူကုန်ကူးမှုအန္တရာယ်နှင့်‌ ရှောင်ရန်ဆောင်ရန်များကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားခြင်းများ‌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)