ကန်ကြီးထောင့် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်း ပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများကတက် ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိန်အေးက သင်တန်းသား၊ သင်တန်းသူများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားကြရန်နှင့် လိုက်ပါဆောင်ရွက်သွား ကြရန်ဆွေးနွေး ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှ ဒေါ်ရတနာဝင်း(ကတိက) အင်္ဂလိပ်စာဌာနနှင့် ဒေါ်နိုနိုလင်း(လက်ထောက်ကတိက) Electronics ဌာနတို့က အီလက်ထရော နစ်မဲပေး စက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်တပ်ဆင်ခြင်း၊ အီလက်ထရော နစ်မဲပေးစက် စမ်းသပ်ခြင်းနှင့် အီလက်ထရောနစ်မဲပေးစက် Installation ပြုလုပ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် သတိပြုရမည့်အချက်များအားစာတွေ့/လက်တွေ့ ပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စား စွာဖြင့် လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)