တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တွေ့ဆုံ၍ တက္ကသိုလ်သန့်ရှင်းသာယာလှပရေးကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမ တွင် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့် တွေ့ဆုံခဲ့သည်။