ရှမ်းရွာသစ် ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက အာဇာနည်နေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများနှင့် အာဇာနည်ကိုးဦးအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးပြအကြောင်းအရာများ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်အကြောင်းအရာများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ထုတ်နုတ်ထားသည့် နံရံကပ်စာစောင်များ၊ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရေးအတွက် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)