ဓနုဖြူမြို့နယ်တွင် ရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲကျင်းပ

ဓနုဖြူ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာတွင် ရေဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။

သရုပ်ပြပွဲတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွန်းက မိုးရာသီ မြစ်ရေကြီးချိန်တာတမံ ရေဘေးအန္တရာယ် ကာကွယ်ရန် တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံ ခန့်ခွဲမှု၊ အစီရင်ခံမှုနှင့် တုံ့ပြန်မှုပုံစံများအား ရှင်းလင်းပြောကြားခြင်းနှင့် ရေကျော်ခြင်း၊ တာအိခြင်း၊ ထူးပေါက် ခြင်း၊ သဲဗွက်ထခြင်းတို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို လက်တွေ့သရုပ်ပြရှင်းလင်း ပြောကြားခဲ့ သည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲ့ဝင် (၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများ၊ စုစုပေါင်း (၄၅)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)