အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာများတွင် Geographical Information System (GIS) နည်းပညာအသုံးပြု၍ တည်နေရာ (Point)များကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။
“၂၀၂၄ ခုနှစ်မှာ ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ GIS နည်းပညာအား အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာ တည်နေရာ(Point)များ ကောက်ယူပြီး မြေပုံရေးဆွဲပြုစုခြင်းနဲ့ စာရင်း ကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းများအား ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်အား ထိရောက်စွာ ပံ့ပိုးနိုင်ရန်၊ စာရင်းကောက်ယူရမည့်ဒေသများ ကျန်ခြင်း၊ ထပ်ခြင်းမရှိစေရန်အတွက် နယ်နိမိတ်တိကျတဲ့ စာရင်းကောက်ကွက်များ ပိုင်းခြားသတ်မှတ် နိုင်ရန်နှင့် စာရင်းကောက်ယူတဲ့ ဒေသများကို မြေပုံများဖြင့် တိတိကျကျ ညွှန်ပြနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း” မြို့နယ်လ.ဝ.က ဦးစီးမှူးဦးအောင်နိုင်ဦး ပြောကြားချက်အရ သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအရောက် (GIS) နည်းပညာ အသုံးပြု၍ တည်နေရာ (Point)များကို ဇူလိုင်လ(၁)ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၂၅)ရွာတို့တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက်ကာက်ယူ သွားမည်ဖြစ်ကြောင်း မြို့နယ် လ.ဝ.ကရုံးမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)