ရွှေသောင်ယံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)တွင် ယနေ့ နံနက် (၉)နာရီအချိန်က သံဃာတော် အရှင်သူမြတ် (၅)ပါးပင့်ဆောင်၍ ဆရာတော်များထံမှ ဩဝါဒခံယူခြင်း၊ ပရိတ်တရားတော်များ နာကြားခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူခြင်း အခမ်းအနားတွင် အမှတ်(၂)ရပ်ကွက်မှ ဆရာတော် (၃)ပါး၊ အမှတ်(၃)ရပ်ကွက်မှ ဆရာတော်(၂)ပါးတို့မှ ငါးပါးသီလပေး၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးပြီး တရားနာလာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများ၊ ကော်မတီများ၊ တက်ရောက်လာကြသူများ အားလုံးကို ဆုံးမဩဝါဒများ ပေးခဲ့ကြသည်။
ထိုသို့ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၃၆၇)ဦး တက်ရောက်ခဲ့ကြပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)