ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါးဧက ၃၄၇၀၀ ကျော် စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် (၄၆၇၅၄) ဧကစိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး၊ ယခုဇူလိုင်လဆန်းအထိ မိုးစပါး (၃၄၇၃၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးဧကပြည့်မီကျော်လွန် အောင်စိုက်ပျိုးမည်ဖြစ်ပြီး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့်အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးကြပြီး၊ တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီဆန်း၊ မနောသုခနှင့် GW-11 မျိုးစပါးများကို အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ သတန်ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးခြင်းများကို နေရာဒေသအလိုက် အမျိုးမျိုးစိုက်ပျိုးကြပြီး၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာတောင်သူများနှင့် ပူးပေါင်း၍ပိုးမွှားကင်းစင်ရေးနှင့် လိုအပ်သည့်နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)