ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ် နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။