မိုင်းရယ် ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အမှတ်(၃၂၅) ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၅၀)အမြှောက်တပ်များအတွင်းတွင် ပြုလုပ်ပေးသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစပ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် မိုင်းရယ်မြို့ အမှတ်(၃၂၅) ခြေမြန်တပ်ရင်းနှင့် အမှတ်(၃၅၀)အမြှောက်တပ်များအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြုလုပ်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့်ဝန်ထမ်းများ ဆောင်ရွက်ပေးခဲ့ကြပါသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မိုင်းရယ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)