မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းပေါ်ချိန် စမုံနက်နှမ်း တစ်တင်းကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းများ လှိုင်လှိုင်ပေါ်ချိန် စမုံနက် နှမ်းတစ်တင်းကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကာ ရောင်းချ နေရသည့်အတွက် နှမ်းရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ (ဝမ်းတွင်းအမှတ်-၁)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင်အမှတ် ၂၄/၄ နှင့် ၂၄/၅ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူး တောကျေးရွာ မိုင်တိုင်အမှတ် ၂၄/၄နှင့် ၂၅/၅ ကြားတွင် ယမန်နေ့ည ၉ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

လင်းခေးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ပုန်းထွန်ကျေးရွာရှိ ကျောင်းသားကျောင်းသူများ အားကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် (Firstdose) (Seconddose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့နယ်၊ ပုန်းထွန်‌ ကျေးရွာအဆိုပါကျောင်း၌ မြို့နယ်

မင်းဘူးမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြို့မအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ယမန်‌နေ့ နံနက် ၁၀ နာရီ အချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း (အမက-၃)တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများပြုလုပ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း (အမက-၃)တွင် မြို့နယ် ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိ ဒေါ်ခင်မာကြူနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့ နံနက် (၁၁)နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ

၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာအထတ်တန်းကျောင်း တံတားဦးမြို့နယ်တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျိုက်ဒုံမြို့ သီတာလမ်း၌(Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ လမ်းပေါ်၌ရေများ တင်ကျန်မှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့်  ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ သီတာလမ်း၌ (Box Culvert) တံတား(၁) စင်း ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို

ဖောင်းပြင်မြို့နယ်တွင် ဒေသန္တရ ရာသီဥတုကို အခြေခံ၍ ယာမြေ၌ စပါးစပ်းသပ် စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စတင်ကြပြီဖြစ်ရာ ဒေသန္တရ ရာသီဥတုအရ ဇွန်လမှ အောက်တိုဘာအတွင်း လစဉ် မိုးရွာသွန်းမှုများသော ဒေသဖြစ်သောကြောင့် ဇွန်လပထမပတ်မှ စတင်၍ ယာမြေ၌ စပါးကို စမ်းသပ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စပါးစိုက်တောင်သူထံမှ သိရသည်။
Subscribe to