ကျိုက်ဒုံမြို့ သီတာလမ်း၌(Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

ကျိုက်ဒုံ ဇူလိုင် ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ လမ်းပေါ်၌ရေများ တင်ကျန်မှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့်  ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ သီတာလမ်း၌ (Box Culvert) တံတား(၁) စင်း ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်(၄)ရပ်ကွက် သီတာလမ်းတွင် ဆောက်လုပ်လျက်ရှိသည့် (Box Culvert) တံတား(၁) စင်းမှာ အလျား(၂၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၂)ပေ ဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)