ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း (အမက-၃)တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများပြုလုပ်

နမ့်ဆန် ဇူလိုင် ၈

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း (အမက-၃)တွင် မြို့နယ် ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ခင်မာကြူနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့ နံနက် (၁၁)နာရီအချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုတွင် KG၊ Grate-1၊ Grate-2၊ Grate-3၊ Grate-4၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၁)ဦးအား ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံမှုအခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများ စသည့်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။    

နမ့်ဆန်ဒေသပြန်/ဆက်