မင်းဘူးမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

 

မင်းဘူး ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြို့မအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ယမန်‌နေ့ နံနက် ၁၀ နာရီ အချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မင်းဘူးခရိုင် လူမှုဝန်ထမ်း ဦးစီးမှူးရုံး ဝန်ထမ်းများက မင်းဘူးမြို့ မြို့မအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အချက်အလက်များ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ “လူကုန်ကူးခြင်း ကင်းဝေးဖို့ အားလုံးပူးပေါင်း ဝိုင်းဝန်းစို့” အစရှိသည်တို့ကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အမေးအဖြေများ ပြုလုပ်၍ တာဝန်ရှိသူများမှ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ‌ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)