တံတားဦးမြို့တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ

တံတားဦး ဇူလိုင် ၈

၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာအထတ်တန်းကျောင်း တံတားဦးမြို့နယ်တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲတွင် တံတားဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက အခြေခံပညာသင်ကျောင်းတိုင်း လစဉ်ပညာရေးဖွံ့ဖြိုးတိုးတက်မှုအရ ဆောင်ရွက်သည့်ပွဲဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံအတွင်းရှိ အခြေခံ ပညာသင်ကျောင်းများအားလုံးတွင် ရှိသော ကျောင်းသား/သူများ အေးချမ်းသာယာစွာ ပညာသင်နိုင်ရေး အလေးထားဆောင်ရွက်နေပါ ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် မိဘ/ဆရာ ကျောင်းသားတို့ဟာ တရစပ်ထိစပ်ပြီး ဆောင်ရွက်မှသာ ပညာရည်ဖွံ့ဖြိုးတိုးတက်ပြီး ပညာ၏အဆီအနှစ်ကို အနာဂတ်ရင်သွေးရတနာများ ပေးအပ်နိုင်မှာဖြစ်ကြောင်းပြောကြားပြီး တံတားဦးမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က မိဘဆရာအသင်းနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်း အလုပ်ဆောင်အဖွဲ့ကို ကြေညာပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်ခဲ့ကြ သော ကျောင်းသား/သူများနှင့် ထူးချွန်ဆုရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/မများကို  ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံး ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၈၈)ဦး၊  စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူပေါင်း (၁၁၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၄၃.၇၉)ရှိကြောင်း သိရ သည်။

ရဲတင့်