ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင်အမှတ် ၂၄/၄ နှင့် ၂၄/၅ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား

ညောင်ဦး  ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူး တောကျေးရွာ မိုင်တိုင်အမှတ် ၂၄/၄နှင့် ၂၅/၅ ကြားတွင် ယမန်နေ့ည ၉ နာရီခွဲခန့်က  ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။       

ဖြစ်စဉ်မှာ ယမန်နေ့ည ၉ နာရီခွဲခန့်က အိမ်စီးကားတစ်စီးမှာ ယာဉ်မောင်းအိပ်ငိုက်ရာမှ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အိမ်စီးကား ဦးခေါင်းပိုင်း ကြေမွသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦး သေဆုံးသွားခဲ့သည့်အတွက်  ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ ကရုဏာရှင် နာရေးကူညီမှုအသင်းသားများက ရုပ်အလောင်းများအား ညောင်ဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်သည့် အိမ်စီးကားသမားအား ညောင်ဦးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ