ဖောင်းပြင် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စတင်ကြပြီဖြစ်ရာ ဒေသန္တရ ရာသီဥတုအရ ဇွန်လမှ အောက်တိုဘာအတွင်း လစဉ် မိုးရွာသွန်းမှုများသော ဒေသဖြစ်သောကြောင့် ဇွန်လပထမပတ်မှ စတင်၍ ယာမြေ၌ စပါးကို စမ်းသပ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စပါးစိုက်တောင်သူထံမှ သိရသည်။
ထိုကဲ့သို့စိုက်ပျိုးခြင်းသည် ကုန်ကျမှုစရိတ် သက်သာပြီး စိုက်ပျိုးမှု အောင်မြင်ပါက ဒေသခံတောင်သူများအတွက် နမူနာယူ စိုက်ပျိုးနိုင်ကြပြီး ကျေးရွာနေ ပြည်သူတွေအနေဖြင့် ဆန်စားသုံးမှု ဖူလုံရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြေင်း သိရသည်။
စိုက်ပျိုးရာတွင် (ဒေသအခေါ်) ရွှေမန်းစပါးမျိုးကို စိုက်ပျိုးပြီး အဆိုပါစပါးမျိုးမှာ သက်တမ်း သုံးလခွဲခန့်ရှိကာ မိုးရေလုံလောက်စွာ ရရှိကာမျှဖြင့် အောင်မြင် ဖြစ်ထွန်းနိုင်ကြောင်း ထယ်ရေးနှစ်စပ်၊ ထွန်ရေးနှစ်စပ် ထွန်ယက်ကာ ပက်ကြဲစနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧကလျှင် ထွန်ယက်ခ၊ စပါးမျိုး စုစုပေါင်း (၁၀၇၀၀၀)တစ်သိန်းခုနှစ်ထောင်ကျပ် ကုန်ကျမှုရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)