ဝမ်းတွင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

ဝမ်းတွင်း ဇူလှိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ (ဝမ်းတွင်းအမှတ်-၁)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှ အသိပညာပေးဆွေးနွေးခြင်းများနှင့် ပတ်သက်၍ “ကလေးအလုပ်သမားပပျောက်ရေး”ဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် ကလေးအလုပ်သမားဆိုင်ရာ သတ်မှတ်ချက်၊ အသက်နှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမွန်မှ ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ၊ ငလျင်ဘေးပညာပေးဆိုင်ရာ၊ ငလျင်ဘေးအတွက် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လျှင် လိုက်နာရမည့်အချက်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးမြင့်ဇော်မှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် သိကောင်းစရာ များနှင့် လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့်ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံဒေါ်အိအိမွန်နှင့်ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ၊ (ဝမ်းတွင်း-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရဲမျိုးသက်(ဝမ်းတွင်း)