လင်းခေးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

လင်းခေး  ဇူလိုင် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ပုန်းထွန်ကျေးရွာရှိ ကျောင်းသားကျောင်းသူများ အားကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် (Firstdose) (Seconddose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့နယ်၊ ပုန်းထွန်‌ ကျေးရွာအဆိုပါကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ မြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းအလိုက် ကျန်းမာရေးကြိုတင်စစ်ဆေးပေးခဲ့ကြပြီး ကာကွယ်ဆေးအားထိုးနှံပေးခဲ့ကြသည်။

 ထိုသို့ ထိုးနှံပေးရာတွင် ဖော်ပြပါကျောင်းအတွင်းရှိ အသက်၅ နှစ်မှ၁၂နှစ်အထိ ကျောင်းသား ကျောင်းသူများအား Sinophram (ပထမအကြိမ်)၊ (ဒုတိယအကြိမ်)ထိုးရန် လိုအပ်သည့် ကျောင်းသားကျောင်း သူ စုစုပေါင်း(၇၄)ဦး လာရောက်ထိုးနှံခဲ့ကြပါသည်

ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီလင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြသည်။

ယနေ့ထိုးနှံပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ယခင် လုံးဝထိုးနှံထားခြင်း မရှိသေးသော အသက်၅နှစ်မှ၁၂နှစ်ကလေးများအားSinopharm ပထမ အကြိမ်ထိုးနှံပေးခြင်း ()ဦး၊ဒုတိယအကြိမ်(၇)ဦး၊ စုစု‌ပေါင်း ကျောင်းသားကျောင်းသူ (၇၄)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး၊ မြို့နယ်အတွင်းရှိကျောင်းများအားလုံး၌လည်းသတ်မှတ်ရက်များ အလိုက်အချိန်နှင့်တစ်ပြေးညီဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးမြို့ဆောင်ထံမှသိရသည်

စိုင်းဇော်လတ်(လင်းခေး)