မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် သင်္ချာအသင်းကို ဓာတုဗေဒအသင်းက နှစ်ပွဲပြတ်ကစား၍ အနိုင်ရဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဒိုင်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုလက်ဆောင်များကို အားကစားနှင့်ပညာပေါင်းစပ်ကော်မတီအတွင်းရေးမှူး မြန်မာစာဌာနမှ ပါမောက္ခဒေါက်တာသိန်းဝင်းက ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တတိယဆုရရှိသော ပထဝီဝင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို အားကစားနှင့်ပညာပေါင်းစပ်ကော်မတီဥက္ကဋ္ဌ ဘူမိဗေဒဌာန ၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဉာဏ်ဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသော သင်္ချာအသင်းအား တစ်ဦးချင်းဆုတံဆိပ် များကို ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ သင်္ချာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်မင်ကလည်းကောင်း၊ ပထမဆုရရှိသော ဓာတုဗေဒအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိကလည်းကောင်း၊ ပထမဆုရရှိသော ဓာတုဗေဒ အသင်းအား တံခွန်စိုက်ဒိုင်းဆုကို ပါမောက္ခချုပ်ဒေါက်တာဘဟန်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က) သင်္ချာ ၊  မြန်မာစာ ၊ သမိုင်း ၊ အုပ်စု(ခ) သတ္တဗေဒ ၊ ရူပဗေဒ ၊ အင်္ဂလိပ်စာ ၊ အုပ်စု(ဂ) ဘူမိဗေဒ ၊ ဓါတုဗေဒ ၊ အရှေ့တိုင်းပညာ  ၊ အုပ်စု (ဃ) ရုက္ခဗေဒ ၊ ဒဿနိကဗေဒနှင့် ပထဝီဝင်  ပြိုင်ပွဲဝင်အသင်းပေါင်း ၁၂ သင်းနှင့် ပြိုင်ပွဲဝင် ၆ဝ ဦး ပါဝင် ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ပွဲအား ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းသာ