လက်ပံတန်းမြို့နယ်တွင် “စားသုံးသူရေးရာသိကောင်းစရာ” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

လက်ပံတန်း ဇူလိုင်  ၈

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ “စားသုံးသူရေးရာသိကောင်းစရာ” အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက စားသုံးသူကာကွယ်ရေးလုပ်ငန်းများကြောင်း၊ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာမှုများရှိပါ တိုင်ကြားဆောင်ရွက်နိုင်သည့်အချက်များနှင့်  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအသိပညာပေးအစီစဉ်များကို လစဉ်ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)