သီပေါ ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု၊ ပန်နေကျေးရွာတွင် ယနေ့နံနက် (၅)နာရီ အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ အဆိုပါကျေးရွာရှိ သီပေါ-နမ္မတူ ကားလမ်းပေါ်သို့ သစ်ပင်သစ်ကြီးလဲကျကာ ကားလမ်းပိတ်ဆို့နေခဲ့ကြောင်း၊ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
အဆိုပါ သီပေါ-နမ္မတူကားလမ်းပေါ်သို့ လဲကျနေသော သစ်ပင်အား မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နယ်စည်းမခြားပရဟိတ အသင်းတို့မှ သွားရောက်ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါသစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်းနှင့် ယခုအခါ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ ရရှိသွားပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)