မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့်  လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း၏ မျှော်လင့်ချက်မဲ့အခြေအနေ ဆိုတာမရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဉက္ကဌ ဉီးဟန်ဝင်းစိုးက မျှော် လင့်ချက်မဲ့အခြေအနေဆိုတာ မရှိဘူး ခေါင်းစဉ်နှင့်ပတ်သက် လူတိုင်းတွင် တွေ့ကြုံရသည့် အခက်အခဲမှန်သမျှ မျှော်လင့်ချက်မဲ့သည့်အခြေအနေဆိုတာမရှိကြောင်း၊ သေချာစဉ်းစားအဖြေ ရှာကာ မိမိဘဝအတွက် အကောင်းဆုံးဖြစ်မည့် နည်းလမ်းများကို ရွေးချယ်လုပ်ကိုင် ဆောင်ရွက်နိုင် ကြစေလိုကြောင်း စသည့်အကြောင်းအရာများ အကျယ်တဝင့် ဉီးဆောင်ဆွေးနွေးသည်။

ထို့နောက် အဖွဲ့ဝင် ဉီးကိုလေးက ရိုးသားမှုကအရေးကြီးဆုံး၊ သန်ပေမဲ့ မစွမ်းသူများအတွက်၊ စာဖတ်ရင် စဉ်းစားစရာပါရမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသင်း(Youth Club) အဖွဲ့ဝင် မောင်အောင်ပြည့်ဖြိုးက ပြဿနာထဲမှာ အဖြေရှိတယ်၊ လူငယ်နဲ့ယုံကြည်မှု၊ လူငယ်တွေ မညံ့ဘူး၊ မဖျင်းဘူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မမီရှဲက စိတ်မပျက်နဲ့လမ်းပြပါ၊ စိတ်မပျက်နဲ့၊ အားတင်းပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းကို လစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)