သဲကုန်း ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်း၊ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဈေးကွက်သို့ လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်စေရန်ဆောင်ရွက်သည့် ကုန်ထုတ်လမ်းများအား ယမန်နေ့နေ့လယ်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးမျိုးအောင်၊ ဒုတိယညွန်ကြားရေးမှူးဦးဟံမြင့်ထွန်း၊ ပြည်ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်နှင့် သဲကုန်းမြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်နှင့် တာဝန်ရှိသူများက ကြို့ရပ်သာကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ(၃၃.၄၇)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်းတူးဖော်ခြင်းနှင့် စင်မြင့်ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ တောင်ကြို့ကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားပထမလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုခဲ့ကြပြီး တောင်ကြို့ကုန်းကျေးရွာနှင့်သဲကောကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် စာရင်းဇယားများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)