ဒိုက်ဦး ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သုံးခွကျေးရွာအုပ်စု၊ ကမာကလစ်ကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်းသို့ စာအုပ်စာစောင်များသွားရောက်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဆွေသက်အောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဇာဦးထံသို့ ဦးစီးမှူးနှင့်စေတနာရှင်အဖွဲ့မှ ဦးဉာဏ်လင်းတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)