မိုင်းတုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ လူထုစိန်ဝင်း၏" မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ကို ယနေ့နံနက် ၁၀း၀၀ အချိန်ကစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB)အသင်းဝင် ဦးဇော်မင်းထွေးက ဦးဆောင်၍ စာရေးဆရာ လူထုစိန်ဝင်း၏ "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး"စာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် စာအုပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)