ရာသီစာ တပင် ဝါးမျှစ်များ စျေးကောင်းရ

ခါမ်းပါတ် ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရာသီစာတစ်မျိုးဖြစ်သည့် တပင်ဝါးမျှစ်များ စတင် ချိုးယူ ရောင်းချနေရပြီး စျေးကောင်းရလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်မူ တစ်ထောင်ဖိုးလျှင် မျှစ်( ၈) ချောင်းသာရရှိပြီး ဒေသခံများအနေဖြင့် နှက်ခြိုက်စွာ ဝယ်ယူစားသုံးကြသဖြင့် ရောင်းကောင်းကြောင်း ကနန်ကျေးရွာဒေသခံတစ်ဦး ထံမှ သိရှိရသည်။

အဆိုပါ တပင်ဝါးမျှစ်များ ချိုးယူရန်အတွက် တောသို့ စောစောတက်ရပြီး လူတစ်ဦးလျှင် တစ်ရက်ငွေကျပ် (၂၀၀၀၀)ဖိုးခန့်ရှိကာ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် သွားရောက် ချိုးယူရရှိနိုင်ကြောင်းလည်း သိရသည်။

ဒေသခံလုပ်အားရှင်များအနေဖြင့် ရာသီစာဖြစ်သည့် မှိုရှာခြင်း၊ မျှစ်ချိုးခြင်းများဖြင့် မိသားစုဝမ်းရေးအတွက် အထောက်အပံ့ရလျက်ရှိကြောင်း သိရသည်။

ဝိဇ္ဇာမောင်