ပန်းတောင်းမြို့နယ်တွင် ကြခတ်ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကလေးများဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာပေးဟောပြော

ပန်းတောင်း ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင် ခွင့်ပြုမိန့်ရကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကလေးများဖွံ့ဖြိုးမှုဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းတာဝန်ခံ ဒေါ်အေးမြနွယ်မှ အမှာစကား ပြောကြားပြီး ပြည်ခရိုင်မူလတန်းကြိုကျောင်းအုပ် ဒေါ်ခင်ဆွေဦးမှ ကလေးငယ်များ မူလတန်းကြို ကျောင်းထားရခြင်း၏ရည်ရွယ်ချက် ဆရာများ၏လုပ်ဆောင်ချက် ဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် အချက်(၅) ချက်ဖြစ်သော ကာယဖွံဖြိုးမှု ဉာဏဖွံ့ဖြိုးမှု ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု စာရိတ္တဖွံ့ဖြိုးမှု စိတ်လှုတ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကလေးငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်အတွက် မိဘဆရာများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိဘများသိလိုသည့်အကြောင်းအရာများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယခုလက်ရှိတွင် ဆရာမ(၂)ဦးနှင့် ကျောင်းသား (၂၆)ဦးရှိကာ အာဟာရကျွေးမွေးခြင်းကို အလှူရှင်များမှ လှူဒါန်းပေးကြပြီး အလှူရှင်မရှိသည့်ရက်များတွင် ဆရာမနှစ်ဦးမှလှူဒါန်းကျွေးခဲ့ကြောင်း သိရသည်။

ထို့နောက်အခမ်းအနားသို့ ပြည်ခရိုင် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဒေါ်ခင်ဆွေဦး(လူမှုဝန်ထမ်း-၁) ဒေါ်သီတာမိုး(လူမှုဝန်ထမ်း-၄) ဒေါ်ရတနာချစ်စုဝင်း (လူန်မှုဝန်ထမ်း-၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ကျောင်းသားမိဘများမှ တက်ရောက်ခဲကြောင်း သိရသည်။

သင်းသင်းအေး