တောင်တွင်းကြီးမြို့နယ်တွင်(၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်၏ (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင်ဇေယျမင်္ဂလာ‌ ရွှေအင်းတောင်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ယခုရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်ပွားသည့် ကာလဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက် /ကျေးရွာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာအုပ်စု နန္ဒာ မြောက်ကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နောင်တရားမြို့ရပ်ကွက်များသို့ mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြှင့်မားရေးအတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

ဒဂုံမြို့နယ်တွင် အာဇာနည်​နေ့အကြို စာဖတ်ဝိုင်း ​ကျောင်းသား​ကျောင်းသူများဖြင့် ကျင်းပ​ဆောင်ရွက်

ဇူလိုင်လ(၁၉)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​​​နေ့ အထိမ်းအမှတ်(အကြို)စာဖတ်ဝိုင်းဆွေး​နွေးပွဲကို ယ​နေ့​နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လင်းခေးမြို့နယ် ဝမ်ကွန်ကျေးရွာတွင် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးချောင်းကူး သစ်တံတားသစ်အား  ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းအားဖြင့်တည်ဆောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ဝမ်ကွန်ကျေးရွာတွင် ပန်ကျိုင်းကျေးရွာ ဝမ်ကွန်ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာ၊ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး ချောင်းကူး (သစ်တံတားသစ်)တည်ဆောက်ခြင်းကို
Subscribe to