ဒေးဒရဲမြို့နယ်တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ဒေးဒရဲ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးလက်ဒေသများရှိ အမျိုးသမီးများဘဝ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော် ဦးဆောင်၍ ယမန်နေ့က လေးအိမ်တန်းကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင်များအား တွေ့ဆုံ၍ အမျိုးသမီး အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောခြင်း၊ အာဟာရပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ အဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာမူလတန်းကြိုကျောင်းရှိ ကလေးများနှင့် တွေ့ဆုံ၍ မိုးကာ ဝတ်စုံများနှင့် ခေါင်းအုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မြို့နယ်အဆင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ဟောပြောပွဲများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု မဖြစ်ပွားစေရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အေဇာလင်း