ကြည့်မြင်တိုင် ဇူလိုင် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ Community Centreခန်းမတွင် ယနေ့နံနက်(၉)နာရီက (၇၅)နှစ်မြောက်၊ အာဇာနည် နေ့ အထိမ်းအမှတ် အကြိုစာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေလေ့လာဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိစေနိုင်ရန်၊ ဗိုလ်ချုပ်၏စိတ်ဓာတ်ကို လေးစားအားကျ၍ ယနေ့ခေတ် လူငယ်၊ လူရွယ်များအနေဖြင့် လွတ်လပ်ရေး၏အနှစ်သာရကို သိရှိပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၅) ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
ရည်ရည်မွန်