ညောင်တုန်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှု ခံယူ နေသူများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာ ဝန်ကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ညောင်တုန်း ပြည့်သူ့ဆေးရုံးနှင့် ချောင်းကြီးတိုက်နယ်ဆေးရုံတို့တွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် ကလေးငယ် (၁၄)ဦးအား တွေ့ဆုံအားပေးစကား ပြောကြား၍ ကြက်ဥနှင့် ခေါက်ဆွဲခြောက် ထုပ်များထောက်ပံ့ပေးအပ်ခဲ့ပြီး ညောင်တုန်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ဆားမလောက်တောင်သူလယ်သမား ဆေးရုံးနှင့် တိုက်ဆေးရုံ(၄)ခုတို့တွင် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား တာဝန်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)