ရေတာရှည် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်ကြီးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီးဒေါ်ဖြူဖြူသန့်၊ တောင်ငူမြို့ ရွှေဥဒေါင်း မိသားစုတို့မှ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်း ထီးတော်ရွှေသင်္ကန်းကပ်လှူ၍ မူလစိန် ဖူးတော်ပြန်လည်တင် လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါဘုရားတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားရှိခိုးဖွင့်လှစ်ခဲ့ပြီး ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ထိုနောက် ဘုရားဂေါပကအဖွဲ့မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ပြီး နိုင်ငံတော် ဗဟိုရ်သံဃာဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ကြာနီကန်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။
ဆက်လက်၍ သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်တွင် ရတနာစိန်ဖူးတော်အား လှည့်လည်အပူဇော်ခံ၍ ဩဝါဒါစရိယဆရာတော်၊ ဂေါပကဒါယကာနှင့် အလှူရှင် ဥပသကာတို့မှ တက်ရောက်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ရေတာရှည်