ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်း ပြိုင်ပွဲပြုလုပ်

ဘားအံ ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်း၌ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ကျောင်းသား/သူများ စာပေဗဟုသုတ ပြည့်စုံစေရန်နှင့်   စာဖတ်ရှိန် မြှင့်တင်ရေးအတွက် “သုတရတနာဆည်းပူးဖွေရှာစာဖတ်ပါ”   အစီအစဉ်ဖြင့်  (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်‌နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးစောအောင်ဘမှ ပြိုင်ပွဲနှင့်ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ စိုးမြင့်လတ်ရေးသားသည့် “စံပြုအပ်သောပုဂ္ဂိုလ်များ” စာအုပ်ပါ အကြောင်းအရာများအား (Book Review) ရေးဖြေပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့၍  ကျောင်းသား/သူ (၂၀) ဦးမှ ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)