မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတို့ ပူးပေါင်း၍ စားပွဲတင် တင်းနစ် ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အင်္ဂလိပ်စာ ဘာသာရပ်အသင်းနှင့် ဓာတုဗေဒအသင်းတို့ ပထမနေရာအတွက် အသင်းလိုက် ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒအသင်းမှ အင်္ဂလိပ်စာ ဘာသာရပ်အသင်းအား ၃ ပွဲ ယှဉ်ပြိုင်ကစားရာ ဓာတုဗေဒအသင်းမှ ရှုံးပွဲမရှိ အနိုင်ရရှိခဲ့ပြီး ဓာတုဗေဒအသင်းနှင့် ဒဿနိက ဘာသာရပ်အသင်းတို့ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို (၅) ပွဲ ယှဉ်ပြိုင်ကစားကြရာ ဒဿနိက ဘာသာရပ်အသင်းမှ ၄ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲကျင်းပစဉ်အတွင်း ဝိုင်းဝန်း အားပေးကူညီကြသည့် ဒိုင်အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး တစ်ဦးချင်း၊ နှစ်ယောက်တွဲနှင့် အသင်းလိုက် ပြိုင်ပွဲတို့တွင် အနိုင်ရရှိခဲ့ကြသည့် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးအေးသန်း(စီမံ)၊ မြစ်ကြီးနား တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ် ပြိုင်ပွဲကို ဇူလိုင် ၇ ရက်မှ ၁၁ ရက်နေ့အထိ ​မြစ်ကြီးနား တက္ကသိုလ်မှ ဘာသာရပ် (၅) ခုတို့မှ အသင်း (၅) သင်း၊ ကစားသမား (၂၃) ဦးတို့ တပျော်တပါး ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)