ညောင်ရွှေ ဇူလိုင် ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show အစီအစဉ်ရိုက်ကူးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က Talk Show အစီအစဉ်ရိုက်ကူးတင်ဆက်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာသောင်းဟန်(ညောင်ရွှေက) အာဇာနည်နေ့အကြောင်းအ ရာကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးခင်မောင်မြ(ညောင်ရွှေခင် မောင်မြ)က အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ဆက် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ