နေပြည်တော် ဇူလိုင် ၁၁
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဆရာတော် သံဃာတော်ကြီးများကိုပင့်ဖိတ်၍ နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး၍ အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် (၇၅)နှစ် မြောက်အာဇာနည်နေ့တွင်ဆရာတော်သံဃာတော်ကြီး(၉)ပါးကိုပင့်ဖိတ်၍ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရာ၌ သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျစီစဉ် ဆောင်ရွက်သွားကြရန်လိုကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလင်းသန့်က အခမ်းအနား ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆပ်ကော်မတီများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)