ဟိုပန်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီဝင်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဆေးရုံ ၊ ပန်ကောက်ကျေးရွာနှင့် ရွှေဝါကျေးရွာစုရပ်နေရာများ၌  ဆက်လက်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံကျောင်း (မြစ်ကြီးနား)မှ ကျောင်းသား/ကျောင်းသူများအား လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်‌သင်ကြားပေး

စိုက်ပျိုးရေးသိပ္ပံကျောင်းသားများအား လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုလျက်ရှိသည့် စက်ကိရိယာများအား ရင်းနှီးသိရှိပြီး ကိုင်တွယ်အသုံးပြုမောင်းနှင်ရာတွင် အခြေခံသိသင့်သည့် အချက်များနှင့်ပတ်သက်၍ ပညာဗဟုသုတများရရှိစေ‌ရေး ကချင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၉)စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်

မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက  ငမိုးရိပ်ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းတည့် (၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်

ဝါဆိုလပြည့်ကျော်(၁)ရက်နေ့၌ မိုင်းခုတ်မြို့ရှိ ဘုရား၊ စေတီပုထိုးများတွင် လာရောက်ဖူးမျှော်သူများဖြင့် အထူးစည်ကား

ဝါဆိုလပြည့်ကျော်(၁)ရက်နေ့၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ ဘုရား၊ စေတီပုထိုးများတွင် လာရောက်ဖူးမျှော်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားရုံ၌လည်းအလားတူ ကျင်းပဆောင်ရွက်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်​ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယ​နေ့နံနက်  ၁၁ နာရီ က ကြည့်မြင်တိုင်မြို့နယ် အ.လ.က (၂)ကျောင်း၌ ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ “အာဇာနည်နေ့အကြောင်း သိကောင်းစရာများ” Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို“အာဇာနည်နေ့အကြောင်းသိကောင်းစရာများ” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to