လှိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇူလိုင် (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ နေ့လည် (၁:၃၀) နာရီအချိန်က လှိုင်မြို့နယ်၊​​​ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ကျင်းပ​ပြုလုပ်ခဲ့ပါသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် ယနေ့လူငယ်လူရွယ်များ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Pull Man Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လှည့်ကင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်  မတ်လ ပထမအပတ် ညပိုင်းမှစတင် လှည့်ကင်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ စဉ်ဆက်မပြက် လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဇီးကုန်း)၌ ယနေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား  ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to