ညောင်ရွှေမြို့၌ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်း (၁၄)နှစ်ပြည့်အထိမ်းအမှတ် သံဃာအပါး(၆၀၀) ဆွမ်းလောင်းလှူ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ သံဃာ့ဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်း၏ (၁၄)နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက်(၆)နာရီက ညောင်ရွှေမြို့၊ မြဝတီလမ်း၊ ရုံးကြီးလမ်း၊ ခရေ(၁)လမ်းနှင့် ဖောင်တော်ပြန်လမ်းတလျောက်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။