မိုင်းဆတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းတည့် (၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည် အပြင် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားရှိသောစာပေဖတ်ရှုခြင်း အလေ့အထများရရှိစေရန်၊ တီထွင်ကြံဆနိုင်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)