ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်​ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၃

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယ​နေ့နံနက်  ၁၁ နာရီ က ကြည့်မြင်တိုင်မြို့နယ် အ.လ.က (၂)ကျောင်း၌ ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စာရေးဆရာမ ပေါက်ပေါက်က အာဇာနည်(၉)ဦးအ​ကြောင်းကို ဟော​ပြောပြီး တက်​ရောက်လာသည့်​ကျောင်းသား၊​ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ ပေးခဲ့ရာဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ် ပြန်/ဆက် ဒုတိယဦးစီးမှူး ဒေါ်ရည်ရည်မွန်က ဆုလက်ဆောင်များပေးအပ်ခဲ့​ကြောင်း သတင်းရရှိသည်။

ဝင့်ဝါနိုင်